တံတားဦးမြို့ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်ရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တံတားဦး နိုဝင်ဘာ ၂၅

တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ  ဦးဖြိုးဇော်ကိုကိုက အမှာစားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က “လူမှုကွန်ရက်အသုံးစွဲမှု သတိပြုစေရေးဝိုင်းဆောင်ရွက်ပေး” နှင့် “အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်း” အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ဆောင်းရာသီတွင်သတိထားရမည့် ကျန်းမာရေးပြဿနာများ”  အကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ “လုံခြုံရေးသတိ လုံခြုံရေးအသိ လူတိုင်းကိုယ်စီရှိစေချင်” စသည့်အကြောင်းအရာများကိုလည်းကောင်း၊ အသီးသီးဆွေးနွေးပြောကြားကြသည်။

တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ကျင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရဲတင့်