နောင်တရားမြို့မဈေး၌ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

နောင်တရား  နိုဝင်ဘာလ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့မ‌ဈေး၌ နောင်တရားမြို့မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာရေးဌာနတို့ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသည့် ဈေးဆိုင်ခန်းများကို မီးဘေးအန္တရာယ်မကျရောက်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင်း ကြည့်ရူစစ်ဆေးခဲ့သည်။

နောင်တရားမြို့မဈေးအတွင်း မီးဘေးအန္တရာယ် မကျရောက်စေရေးအတွက် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အဝတ်အထည်ဆိုင်များ၊ မီးဘေးအန္တရာယ် မကျရောက်စေရေး ဆောင်ရန် ရှောင်ရန်များ၊ ဆေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူး အသင့်ထားရှိရေးနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရန်ရှောင်ရန်များနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ စသည့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးကျော်ဝင်း၊ နောင်တရားမြို့မီးသတ်စခန်းမှ တာဝန်ခံဦးဆန်းနိုင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)