ရေဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ရေဖြူ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မွေးမြူရေးကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်ဦးအောင်က အဖွင့်အမှာစကားပြောကြားပြီး ရေဖြူမြို့နယ်အတွင်း မွေးမြူရေးထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ကို ကျေးရွာ(၁၅)ရွာသို့ထောက်ပံ့ပေးအပ်ခဲ့သည်။

ခတ္တာ