သင်္ဃန်းကျွန်းခရိုင်တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) စတင်ဖွင့်လှစ်သင်ကြား

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံစာကြည့်ပညာသင်တန်း (၂/၂၀၂၅) အား ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ အကြောင်းအရာများနှင့် စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စာကြည့်တိုက်ပညာတို့အား သင်ကြားပြီး၊ ဦးစည်သူမောင်မောင် ဦးစီးအရာရှိက စာကြည့်တိုက်ခင်းကျင်းမှုနှင့် စာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှုလုပ်ငန်းတို့အား နေ့လယ်ပိုင်းတွင် သင်ကြားခဲ့သည်။ စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး မည်သို့ဆောင်ရွက်ရမည်၊ စာကြည့်တိုက်မှုးကောင်းတစ်ဦး မည်သို့လိုက်နာဆောင်ရွက်ရမည် စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) အား သင်တန်းနည်းပြများအဖြစ် ဦးစည်သူမောင်မောင် (ဒဂုံဆိပ်ကမ်း)၊ ဒေါ်မြင့်မြင့်ရည် ဦးစီးအရာရှိ (ဒဂုံမြောက်)၊ ဒေါ်ဟန်စုယဥ် ဦးစီးအရာရှိ (ပုဇွန်တောင်) နှင့် ဒေါ်မြမြဝင်း (မြောက်ဥက္ကလာပ) ရုံးတို့မှ သင်ကြားပိုချပြီး သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားပြီး သက်တန်းကာလမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၃) ရက် သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မိုး