မလှိုင်မြို့နယ်၌ တတိယအကြိမ်မဲစာရင်းအား ပြည့်စုံမှန်ကန်စွာကြေညာနိုင်ရေးအတွက် ဆောင်ရွက်

မလှိုင် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် တတိယအကြိမ် မဲစာရင်းအားပြည့်စုံမှန်ကန်စွာ ကြေညာနိုင်ရေးအတွက်စီမံဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာခဲ့ပြီး ယခုတတိယအကြိမ်မဲစာရင်းများကို ၂၃.၁၂.၂၀၂၅ ရက်နေ့တွင် ကပ်ထာကြေညာမည်ဖြစ်ရာ မဲစာရင်းအားပြည်စုံမှန်ကန်စေရေးနှင့် စနစ်တကျကြေညာနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များက စီမံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)