မှော်ဘီ ဒီဇင်ဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁၇) တို့မှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင် ၃ (က) /၆ (က) လဲလှယ်ခြင်း၊ မိတ္တူများအား OneStopService ဖြင့် UID ကဒ်ပြားပါတစ်ပါတည်းရရှိရေးတို့အတွက် (၁၈-၁၂-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီခရိုင်လဝကဦးစီးမှူး ဦးခင်မောင်သန်းနှင့် မြို့နယ်လဝကဦးစီးမှူး ဦးဝင်းမြတ်ဆွေတို့မှ အနီးကပ်ကြီးကြပ်ဦးစီးဦးဆောင်၍ လဝကဝန်ထမ်း (၁၇) ဦးပါအဖွဲ့ မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ (၁) နှင့် (၂) တို့ရှိ မိဘပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင် ၃ (က) /၆ (က) လဲလှယ်ခြင်း၊ မိတ္တူများအား OneStopService ဖြင့် UID ကဒ်ပြားများ ပါတစ်ပါတည်းရရှိရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃ (က)-၂၀ ဦး၊ ၆ (က)-၃ ဦး လဲလှယ်-၆ ဦး၊ မိတ္တူ-၅၀ ဦး စုစုပေါင်း (၇၉) ဦး အိမ်ထောင်စု (၂၈) စုတို့အား မိဘပြည်သူများလက်ဝယ်သို့ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေး၍ စနစ်တကျပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန မှော်ဘီခရိုင်မှူး ဦးခင်မောင်သန်း၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ဆွေနှင့် ဒုလဝကမှူးများ၊ လဝကဝန်ထမ်း (၁၇) ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်ပါကွင်ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)