တောင်သာ ဒီဇင်ဘာ ၂၃
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ထိုသို့ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားရှိမှုအပေါ် ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုခဲ့ပြီး လာရောက်ကြည့်ရှုသူ ပြည်သူများအား မိမိတို့၏မဲစာရင်းအမှတ်စဉ်များ မှတ်သားထားကြပြီး ရွေးကောက်ပွဲနေ့တွင် မဲလာပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)