အောင်ပန်းမြို့၌ မဲရုံများအဖြစ်ထားရှိမည့် စာသင်‌ကျောင်းနှင့် ရပ်ကွက်/ကျေးရွာ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ‌ ဆောင်ရွက်

ကလော ဒီဇင်ဘာ ၂၃

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ မဲရုံများအဖြစ်ထားရှိမည့် စာသင်‌ကျောင်းနှင့် ရပ်ကွက်၊‌ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးတို့တွင် ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက မီး‌ဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အောင်ပန်းမြို့ မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းမှူး ဦးအာကာငြိမ်းနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးချိတ်မီးကတ်များ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လျှပ်စစ်မီး၊ ဝါယာကြိုးများ စနစ်တကျထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီးသတ်ကားဖြင့် မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း(ကလော)