ဟုမ္မလင်း ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကိုဒီဇင်ဘာလ (၂၂) ရက် နံနက် (၇) နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။၊
ဟုမ္မလင်းမြို့၌၊ မြန်မာ့စီးပွားရေးဘဏ်တွင်၊ လစာထုတ်ယူသည့်အငြိမ်းစားဝန်ထမ်းများမှမြို့ပြပင်စင်၊ (၅၉၇) ဦး၊ ကာကွယ်ရေးပင်စင် (၅၁၈) ဦး၊ နိုင်ငံရေးပင်စင် (၁၅၆) ဦး၊ ရဲတပ်ဖွဲ့ပင်စင်၊ (၇၄)ဦး၊စီးပွားဘဏ်ပင်စင်( ၆ )ဦးစုစုပေါင်း (၁၃၅၁) ဦးရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ပါကြောင်း လစဉ်ပင်စင်ထုတ်ယူသူများအတွက်၊ လစဉ် (၂၁) ရက်နေ့မှ လကုန်ရက်နေ့အထိထုတ်ပေးလျက်ရှိပါကြောင်းနှင့် လပေါင်း၍ပင်စင်ထုတ်ယူသူများအတွက် အစိုးရရုံးဖွင့်ရက်နေ့တိုင်းထုတ်ပေးလျက်ရှိကြောင်း မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ၊ ဦးအောင်သန့်ဇင်ထံမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)