အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၀) နှစ်နှင့်အောက် မြို့နယ်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စမ်းချောင်း ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၀) နှစ်နှင့်အောက် မြို့နယ်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ်၊ စမ်းချောင်းမြို့နယ်အသင်းနှင့် ကြည့်မြင်တိုင်မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှလည်းကောင်း၊ တတိယဆုရရှိသော အလုံမြို့နယ်အသင်းအား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုထွေး၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော စမ်းချောင်းမြို့နယ်အသင်းအား ခရိင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဒုတိယရဲမှူးကြီး ဦးခင်‌မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်မှလည်းကောင်း၊ ပထမဆုရရှိသော ကြည့်မြင်တိုင်မြို့နယ်အသင်းအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဦးမျိုးသန့်၊ ဒုတိယဗိုလ်မှူးကြီး ‌ဇော်၀င်းတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဆုဖလားကို အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)