ကန်ကြီးထောင့်မြို့နယ်ရှိ အများပြည်သူစည်ကားရာနေရာများ၌ “ဒို့အတူတူမဲ‌‌ပေးကြမယ်” လက်ကမ်းစာစောင်များအားဖြန့်‌ဝေ

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း ပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲ‌‌ပေးကြမယ်”လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းအား ယမန်နေ့နံနက်ပိုင်းက အများပြည်သူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက အများပြည်သူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံး၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းလာရောက်ပြုလုပ်ကြသူများအားလည်းကောင်း၊ မြို့နယ်စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသာ အငြိမ်းစားပင်စင်စားများအားလည်းကောင်း၊ မြို့နယ် ပညာရေးမှူးရုံး၌ သင်ထောက်ကူပြိုင်ပွဲသို့ တက်ရောက်ကြသော ဆရာ၊ ဆရာမများအားလည်းကောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲ‌ပေးစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” စသည်အချက်များပါဝင်ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)