မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီးပွားရေးဘဏ်ခြံ၀င်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချလျက်ရှိရာ အငြိမ်းစားနိုင်ငံ့၀န်ထမ်းတစ်ဦးလျှင် စားသုံးဆီ ၂ ပိဿာ၇၅ ကျပ်သား ငွေကျပ် ၁၉၀၀၀ ကျပ် နှုန်းဖြင့် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများကို ရောင်းချပေးလျက်ရှိရာ တာ၀န်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)