လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ ဈေးကောင်းရရှိ

လိပ်သို ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ (ဒေသအခေါ် ကော်ဖီအသေးများ)မှာ ဆွတ်ခူးရောင်းချချိန် စျေးကောင်းရရှိနေကြောင်း သိရသည်။

ရိုဘတ်စတာ ကော်ဖီပင်များကို စိုက်ပျိုးပြီးအပင် (၅)နှစ်သားအရွယ်ခန့်တွင် စတင်ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ တစ်ပင်လျှင် အနှစ် (၂၀)ကြာအောင် အသီးသီးကြောင်း၊ ကော်ဖီသီးများကို အစိုအလိုက်သော်လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြကြောင်း ကော်ဖီစိုက်ပျိုးသူဒေသခံတစ်ဦးထံမှ သိရသည်။

လိပ်သို​ဒေသတွင်း၌ ရိုဘတ်စတာကော်ဖီအစိုသီး တစ်ပုံးလျှင်  ကျပ် ၃၅၀၀ဝ နှင့် အာရေဗီးကားကော်ဖီ အစိုသီးတစ်ပုံးလျှင် ကျပ် ၃၀၀၀ဝ စျေးရရှိနေကြောင်း သိရသည်။

နော်ဖလောရင်း