မဟာအောင်မြေ ဒီဇင်ဘာ ၂၄
မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မိမိမဲစာရင်းပါရှိရေး စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မိမိတို့မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်ကြည့်ရှုနေမှုများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ပြီး မဲပေးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း