စဉ့်ကိုင် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံငွေများပေးအပ်ပွဲကို ရန်အောင်မြင်ရပ်ကွက် မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ဝါးထရံကာ (၁၄၄)အိမ်၊ တစ်ထပ်ပျဉ်ထောင် အိမ် (၃၀) ၊ နှစ်ထပ်ပျဉ်ထောင် (၂၆)အိမ် စုစုပေါင်း လူနေအိမ် (၂၀၀)အနက်မှ ပြုပြင်ရန်လိုအပ်သည့် လူနေအိမ် (၃၇)အိမ်အတွက် ပြင်ဆင်စရိတ်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)