အမရပူရမြို့နယ် မဲဆန္ဒနယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး

အမရပူရ ဒီဇင်ဘာ ၂၄  

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရန် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။

 ထိုသို့တိုက်ဆိုင်စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ဝင်များနှင့် ရပ်/ကျေးစာရေးတို့က မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့်ပါဝင်ထိုက်သူများများပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရးတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးနေမှုအခြေအနေများကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များက စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)