အလုံခရိုင်၊ အလုံမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းပြုလုပ်

အလုံ ဒီဇင်ဘာ ၂၄

အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံ၊ ကမ်းနားလမ်းနှင့် သခင်မြပန်းခြံလမ်းတစ်လျှောက်ရှိ YBS ယာဥ်လိုင်းဂိတ်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ/နိုင်ငံသား အားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း အသိပညာပေးကမ်ပိန်းကို အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ အလုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ စမ်းချောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" “လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်” “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးစို့” စာသားပါ မြေစိုက်နံရံကပ်ပြဘုတ်များနှင့် “ဒို့အတူတူမဲပေးကြမည်” စာသားပါ ရွေးကောက်ပွဲလှုံဆော်ရေး လက်ကမ်းစာစောင် (၂၀၀၀) အား လမ်းသွားလမ်းလာ ပြည်သူများ၊ YBS ခရီးသည်တင်ယာဉ်နှင့် Taxi ယာဉ်များပေါ်ရှိ ခရီးသည်ပြည်သူများသို့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါရွေးကောက်ပွဲလှုံ့ဆော်ရေး ကမ်ပိန်းပြုလုပ်ရာသို့ အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ အလုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ စမ်းချောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလုံမြို့မရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ၀င်များ၊ အမှတ် (၅၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး ဦးပြုံးချိုနှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင် ၄၀ ဦး၊ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)