ဝမ်းတွင်းမြို့နယ်၌ မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး

ဝမ်းတွင်း ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေးကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ရွှေလွန်းပျံ