ငပုတော ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ခွင့်ပြုချက်မရရှိသောစားသောက်ကုန်များ ယနေ့နံနက်ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်ဟေမာဦး၊မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဇော်လင်းဦး၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ငပုတောမြို့မြို့မဈေးအတွင်းရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။
ထို့သို့စစ်ဆေးရာတွင်ငပုတောမြို့မဈေးအတွင်းရှိဈေးဆိုင်များတွင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် FDA ခွင့်ပြုချက်မရရှိသော စားသောက်ကုန်များအား ရောင်းချခြင်းမပြုရန်၊ ဆိုးဆေးများသော စားသောက်ကုန်များ မုန့်များကို ရောင်းချခြင်း မပြုရန်၊ အရောင်တင်မှုန့်နှင့် အခြားပြည်ပထွက် FDA ထောက်ခံချက်မရှိသော စားသောက်ကုန်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားပြီး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)