ကော့မှူးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဌာနဆိုင်ရာ ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ကော့မှူး ဒီဇင်ဘာ ၂

(၇၈) နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အောင်ဇမ္ဗျုအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တက်‌ရောက်လာသူများနှင့် အားကစားသမားများက မြန်မာနိုင်ငံ‌တော်အလံအား အ‌လေးပြုကာ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်က ပြောကြားရာတွင် မြန်မာ‌ဘောလုံးလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ကစားကြရန်ပြောကြားခဲ့ပြီး တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် () ဦးဝင်းထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း (၅) သင်းမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာ (ခ) ဘောလုံးအသင်းနှင့် ဌာနဆိုင်ရာ (င) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဌာနဆိုင်ရာ (င) အသင်းက‌ ခြောက်ဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ကျော်သူရ