စစ်ကိုင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေငြာ

စစ်ကိုင်း ဒီဇင်ဘာ ၂၄

စစ်ကိုင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်၍ တတိယအကြိမ် ကပ်ထားကြေငြာထားကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက် ၂၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆ အုပ်စု၊ မဲရုံပေါင်း (၅၂)ရုံရှိပြီး တတိယအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင်ဦးရေပေါင်း (၈၃၄၉၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်အောင်ထံမှ သိရသည်။

အေးငြိမ်းစံ(ပြန်/ဆက်)