တမူး ဒီဇင်ဘာ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံများအား ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လျပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ထားရှိမှုနှင့်လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။
တမူးမြို့နယ် အနေဖြင့် ရပ်ကွက် ၄ ရပ်ကွက်/ကျေးရွာ အုပ်စု ၁အုပ်စုတွင် မဲရုံစုစုပေါင်း ၂၆ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၇၂၅၃ ဦးရှိကြောင်း သိရသည်။
ရတနာ