မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

မကွေး ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌ သဘာပတိ ဦးဘုန်းမြင့်ထွန်းက တစ်နှစ်အတွင်းရရှိခဲ့သော ဝင်ငွေ၊ အသုံးစရိတ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသင်းသား (၁၇၇) ဦးအား စုဆောင်းငွေအပေါ် အတိုးကျပ် ၂၉ ဒသမ ၄၀၃၆ သိန်း ထုတ်ပေးခဲ့ပြီးငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ ရေနွေးဓာတ်ဘူးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)