ကလောမြို့နယ်၌ (တတိယအကြိမ်) မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကလော ဒီဇင်ဘာ ၂၄     

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ က‌လောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ‌‌အား ယနေ့က သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ကြေညာထားရှိမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ‌‌မေးမြန်းခဲ့ပြီး လိုအပ်သည်များ‌ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ကလောမြို့နယ်တွင် (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းကို ဒီဇင်ဘာ (၂၃)ရက်မှ ဇန်နဝါရီလ (၅)ရက်နေ့အထိ ကြေညာထားမည်ဖြစ်ပြီး (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ချက်အရ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၃၈၇၆၆)ဦး ရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကျော်ဝင်း(ကလော)