ဟိုပင်မြို့တွင် မဲရုံများ၌ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ကချင်ပြည်နယ်၊  မိုးညှင်းခရိုင် ဟိုပင်မြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် (၆)နာရီမှစတင်၍ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်သူများနှင့်အတူ ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီက စတင်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဆန္ဒမဲများ လာရောက်ပေးကြပြီး၊ မဲဆန္ဒရှင်ပြည်သူများလည်း မဲရုံအသီးသီး၌ လာရောက်မဲပေးလျက်ရှိသည်။

သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပြည်သူများ ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများစနစ်တကျ လာရောက်မဲပေးနေကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်ရှိ မဲရုံပေါင်း ၁၈၉ ရုံ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာ(၂၂၃)ရွာ၌ မဲရုံ ၁၈၉ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၉၀၁၁၁ ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။

ကျုံပျော်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ပြည်သူများ လာရောက်မဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်‌ ယ‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ပြည်သူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ကလေးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြည်သူများ လာ‌ရောက်ဆန္ဒမဲပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နံနက် ၆ နာရီအချိန်၌ မဲရုံများဖွင့်လှစ်ပြီး စတင်ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများစနစ်တကျတန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်၊၊

ကမာရွတ်မြို့နယ်တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲဆန္ဒရှင် ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက စတင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိသည်။
Subscribe to