ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ဥတ္တရသီရိ ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး တန်းစီစောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ရှစ်အုပ်စုတွင် မဲရုံပေါင်း (၄၉) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၆၅၀၅၀ ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)