ကျောက်ဆည် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာ(၂၂၃)ရွာ၌ မဲရုံ ၁၈၉ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၉၀၁၁၁ ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိ အ.မ.က(၆) မဲရုံအမှတ်(၁)တွင် မဲလာပေးသည့် မဲဆန္ဒရှင်ပြည်သူတစ်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရာတွင် အဆင်ပြေကြောင်း၊ နိုင်ငံသားတစ်ယောက်အနေဖြင့် မဲပေးခွင့်ရသည်ကို ဂုဏ်ယူမိကြောင်း ပြောကြားသည်။
သက်မောင်(ကျောက်ဆည်)