ပင်းတယ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများစနစ်တကျ လာရောက်မဲပေးနေကြကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး မဲရုံအဖွဲ့ဝင်များရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း ကိုယ်စားလှယ်လောင်းများ အားကြိုတင် စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီးမဲဆန္ဒရှင် ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် မိမိတို့ကြိုက်နှစ် သက်ရာပါတီများကို လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)