ကရသူရိမြို့၌ (တတိယအကြိမ်မြောက်) ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်အားနည်းသည့် ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်ကလေးများဖြစ်စေရေး(တတိယအကြိမ်မြောက်) စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆံပင်ဆံအုပ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆံပင်ဆံအုပ်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟို ဌာန Community Centre ၌ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ‌ယခုနှစ် နွေသီးနှံစိုက်ရာသီ၌ ဘိုယားတမံရေဖြင့် နွေစပါး ဧက ၄၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ ဘိုယားတမံရေဖြင့် နွေစပါး ဧက ၄၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဆရာတော်ဘုရားကြီး သက်တော် (၇၆) နှစ်  သိက္ခာတော် (၅၂) ဝါ၏ အန္တိမသာဓုကီဠနသဘင် စံကျောင်းတော်ပင့် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်သြဝါဒါစရိယ ဘဒ္ဒန္တပညာသာရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ နဝဓုတင်္ဂါစာရ၊ ဓမ္မပ္ပမာဏိကာမဟာဋိကာဒိ အနေကဂန္ထကာရက၊ ကျောက်ထီးတန္တုကမ္ဘာ့သာသနာပြု ဆရာတော်ဘုရားကြီး၊ သက်တော် (၇၆) နှစ်၊ သိက္ခာတော် (၅၂) ဝါ၏ အန္တိမသာဓုကီဠနသဘင် စံကျောင်းတော်ပင့်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ဆက်ကပ်အပ်နှင်း၊ လယ်သီးထပ်ဆောင်းဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စတုတ္ထအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ စာအောင်ဆုများကို တက်ရောက်ဆက်ကပ်အပ်နှင်းပေးကြသည်။

မြောင်းမြမြို့ ညောင်ပင်လေးဈေးတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတိတိုင်းဒေသကြီး၊ မြောင်းခရိုင်၊ မြောင်းမြမြို့ အမှတ် (၂) ရပ်ကွက် ညောင်ပင်လေးဈေးတွင် ယမန်နေ့နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီခွဲက ရှောက်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာ တောင်သူ ဦးတင်လင်း စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ (ကြက်သွန်ပန်း) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to