ပုသိမ်ကြီး ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီက စတင်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဆန္ဒမဲများ လာရောက်ပေးကြပြီး၊ မဲဆန္ဒရှင်ပြည်သူများလည်း မဲရုံအသီးသီး၌ လာရောက်မဲပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အနောက်) ရပ်ကွက်၊ မဲရုံအမှတ် (၁)တွင်လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးသည် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဲရုံအမှတ် (၇)တွင်လည်းကောင်း၊ မြို့တော်ဝန်ဦးကျော်ဆန်းသည် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ မဲရုံအမှတ် (၃) တွင်လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီးသည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၂)တွင်လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် မိသားစုတို့သည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၁)တွင်လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် မိသားစု၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီးသည် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ မဲရုံအမှတ် (၂) တို့တွင် မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများ အသီးသီးပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)