၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရေနံ‌ချောင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မ‌ကွေးတိုင်းဒေသကြီး၊ ရေနံ‌ချောင်းမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌ မဲရုံအသီးသီး တွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများ၌လည်း စတင်ကျင်းပလျက်ရှိသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စနစ်တကျလာရောက်ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ စိတ်အေးချမ်းစွာဖြင့် စနစ်တကျလာရောက် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ ​၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲစတင်ပေးနှံ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ မဲရုံ (၁၄၂)ရုံ၌  ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရေးအတွက် ယနေ့နံနက် (၆)နာရီမှစ၍ ပြည်သူများမဲပေးကြသည်။

တီးတိန်မြို့၌ ပြည်သူများ လွတ်လပ်ငြိမ်းချမ်းစွာဆန္ဒမဲပေး

ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွထွေရွေးကောက်ပွဲကို ယနေ့ကျင်းပပြုလုပ်ရာ စ‌ကောလမ်းရပ်ကွက်မဲရုံအမှတ် (၁)တွင် နံနက်၆နာရီ၌ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်။ ဆက်ဆက်၍ ပြည်သူများက လွတ်လပ်ငြိမ်းချမ်းစွာ မြန်မာ့အီလက်ထ‌ရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးကြကြောင်း သိရသည်။

မူဆယ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မဲရုံအသီးသီးတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှစ၍ မဲရုံများတွင် မဲဆန္ဒရှင်များ အေးချမ်းစွာလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ နံနက် (၆) နာရီအချိန်မဲရုံများ စတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယနေ့နံနက် (၆) နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

လွိုင်လင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပသည့် ပါတီစုံဒီမိုကရေးစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရာ လွိုင်လင်မြို့နယ်သည်လည်း အပါအဝင်ဖြစ်ရာ ယနေ့ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုပရေစီအထွေထွေရွေးကောက်ပွဲကို နံနက်(၆) နာရီကစတင်၍ မဲရုံများဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ်တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝငါသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက် (၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
Subscribe to