လက်ပံတန်း၌ အသက်တစ်နှစ်မှ ငါးနှစ်အတွင်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ Big Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။