သာယာဝတီ ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိသည်။
သာယာဝတီမြို့နယ်အတွင်း မဲရုံ ၁၁၀ ရုံ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ တိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်ပါတီများ၏ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)