တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

တပ်ကုန်း  ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲဆန္ဒရှင် ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက စတင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိသည်။

မဲရုံမှူးက မဲရုံဖွင့်လှစ်ကြေညာပေးခဲ့ပြီးနောက် ဆန္ဒမဲပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် မဲပေးကြကြောင်းနှင့် တပ်ကုန်းမြို့နယ်အနေဖြင့်ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုတွင် မဲရုံပေါင်း(၁၂၈)ရုံ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။  

တင်စိုးလွင်