မော်လိုက်မြို့ အ.ထကနှစ်(၁၀၀)ရာပြည့်ပွဲတော် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ အ.ထ.ကနှစ်(၁၀၀)ရာပြည့် ပွဲတော်ကို ယနေ့ နံနက်(၉)နာရီအချိန်က အ.ထ.ကစုဝေးကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသားဟောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဇလွန်မြို့ မြို့မဈေးသစ်တွင် အခြေခံစားသောက်ကုန်ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ်နှုန်းဖြင့် အလုံး(၂၀၀၀) ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီတွင် မြို့မဈေးသစ်တွင် ရောင်းချပေးခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိဆုတောင်းပြည့်စေတီတော်အပြင်လိုဏ်အား အကြီးစားပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ကျက်သရေဆောင်အောင်ဗောဓိဆုတောင်းပြည့်စေတီတော် အပြင်လိုဏ်အား အကြီးစားပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ်အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပသည်။

ကျိုက်လတ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ၂၅%(ရာခိုင်နှုန်း)အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ၂၅%(ရာခိုင်နှုန်း) အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌ ဒသမအကြိမ်​မြောက်ဘွဲ့နှင်းသဘင် ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ဒသမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ မြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် အခြေခံပညာကျောင်းများရှိ KG ကျောင်းသား/သူ ၄၀၅၄ ဦးအား ကျောင်းတွင်း အာဟာရကျွေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။

ကျောင်းကုန်းမြို့မဈေးကြီး၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မဈေးကြီးတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

မြိတ်မြို့ရှိ Polytechnic University(Myeik)တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှု အကြောင်း အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကို မြိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့က Polytechnic University (Myeik)၌ ပြုလုပ်ခဲ့ကြသည်။
Subscribe to