တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၉ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

မြန်အောင်မြို့နယ် သံဃနာယကအဖွဲ့ (၂၅%)ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ​မြန်အောင်မြို့နယ် သံဃနာယကအဖွဲ့ (၂၅%) ရာခိုင်နှုန်းအနားယူခြင်း၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ​မြန်အောင်မြို့ မုံရွာကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက်က ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ် (အဋ္ဌမအကြိမ်) မြို့နယ်သံဃနာယကအဖွဲ့ (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (အဋ္ဌမအကြိမ်) မြို့နယ်သံဃနာယကအဖွဲ့ (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ နန်းအိမ်သူဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ မြို့နယ်ဝန်ဆောင်သံဃာတော် (၁၁၁) ပါး ကြွရောက်၍ မဲပေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ မွန်/မြန်မာ ဝိနယာနုဂ္ဂဟစာတော်ပြန်ရေးဖြေပွဲကြီး(ဒုတိယနေ့)ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၄၂)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီး(ဒုတိယနေ့)ကို ယနေ့မွန်းတည့်(၁၂)နာရီက ဓမ္မရာဇိန်ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အခြေခံပညာဦးစီးဌာနမှကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က အထက(၂)ကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။

ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဝဥကိုစီးပွားဖြစ် တိုးချဲ့စမ်းသပ်စိုက်ပျိုးမှု အောင်မြင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်ရှည်သီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးခဲ့ကြရာမှ ဝဥကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာခဲ့ရာ အောင်မြင်မှုများ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to