သန်လျင်မြို့နယ် အောင်မြေအင်အား အ.လ.ကကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်၊ အောင်မြေအင်အား အခြေခံပညာ အလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။