ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ​ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နေ့လယ်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တိလောကမုနိစိန်ရတနာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော်အထွဋ်တင်မင်္ဂလာအခမ်းအနားနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုးကုတ်ဓမ္မာရိပ်သာကျောင်းတိုက်အတွင်း တည်ထားကိုး ကွယ်တော်မူသည့် တိလောကမုနိစိန်ရတနာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော် အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်ပြီး ရဟန်း၊ သံဃာ များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားသည့် သင်ယူနေတဲ့ကလေးတွေ စာအုပ်ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးလာစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့သည့် အခြေခံစက်ချုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to