နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

ကော့ကရိတ်မြို့၌ မိသားစုအပိုဝင်ငွေရရှိစေ‌ရေးအတွက် တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံ များစိုက်ပျိုး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် စိုက်ပျိုး​ရေးလုပ်ငန်းလုပ်​ကိုင်ကြသည့်​တောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် မိမိတို့၏နေအိမ်ခြံဝန်းမြေကွက်လပ်၌ စားဖိုဆောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသဖြင့် မိသားစုများ နေ့စဉ်ပုံမှန် အပိုဝင်‌ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကန့်ဘလူ၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပခဲ့သည်။

(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီးကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၂)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်/မြန်မာ ဝိနယာနုဂ္ဂဟစာတော်ပြန်ရေးဖြေပွဲကြီးကို ယနေ့မွန်းတည့်(၁၂)နာရီက ဓမ္မရာဇိန်ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုသွားရောက်ကြည့်ရှု၍ လူနာများအား ပေးစကားပြောကြား

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာနမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသမှုကို ဇန်နဝါရီလ(၂၅)ရက်မှ (၃၀)ရက်နေ့အထိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ ခုတင်(၅၀၀)၌ ကုသပေးနေကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ဗျိုင်းအင်းရှေးဟောင်းဘုရာဝင်းအတွင်းတည်ထားကိုးကွယ်သည့် သိမ်တော်ဦးစေတီတော် ထီးတော်တင်လှူပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗျိုင်းအင်းကျေးရွာအနီး၊ ဗျိုးအင်းရှေးဟောင်း ဘုရာဝင်းအတွင်း၌ တည်ထားကိုးကွယ်ထားသော သိမ်းတော်ဦးဘုရား စေတီတော်မြတ်ကြီး ထီးတော်တင်ပွဲကို ယ​နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (Book Club) အဖွဲ့ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (Book Club)အဖွဲ့မှ စာရေးဆရာ‌ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်နှင့်ဝန်ထမ်းများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှုးရာဇာ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to