ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ရွှေတောင် ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊မွေးမြူးရေးအထက်တန်းကျောင်း ရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကိုယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က-ရွှေတောင် ကျောင်းသား၊ ကျောင်းသူလေးများ မြန်မာ့ကျောင်း သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ဆုရ ကျောင်းသား၊ ကျောင်းသူ များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အ.ထ.က-ရွှေတောင် ကျောင်းသား၊ ကျောင်းသူလေးများ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ဆက်)