သံဖြူဇရပ်၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်း ပြုလုပ်

သံဖြူဇရပ် ဇန်နဝါရီ ၃

မွန်​ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းကို ယနေ့နံနက် ၉ နာရီက ​မြို့နယ်အားကစားကွင်း မိုလုံလေလုံခန်းမ၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတို့က ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြုဆောင်ရွက်ပုံအဆင့်ဆင့်ကို လက်တွေ့တပ်ဆင် ရှင်းလင်းပြောကြားသည်။

အဆိုပါ မဲပေးစက်တပ်ဆင်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြီးကြပ်ကာ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းဆရာဆရာမ စုစုပေါင်း (၆၀) ဦး တက်ရောက်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက် MEVM များကို တပ်ဆင်ပေးခြင်းကို ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်နေ့တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)