မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၊ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုနှင့်ပတ်သက်၍ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။