လသာမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၂) တွင် ပြည်သူများ မဲပေးရာ၌ အဆင်ပြေစေရန် မဲနံပါတ်စဉ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) မဲပေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ပြည်သူများ၏ မဲအမှတ်စဉ်များကို ယမန်နေ့ညနေ ၅ နာရီက ရပ်ကွက်များအလိုက် စနစ်တကျ လိုက်လံဝေငှပေးခဲ့ကြသည်။