ဒေးဒရဲ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြင်းကကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက မြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အပိုင်း (၃) အဖြစ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစီစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများနှင့် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော်လည်း နိုင်ငံသားကတ်ကိုင်ဆောင်ထားခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် ရည်ရွယ်၍ ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် စုရပ်ပြုလုပ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း