လသာမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၂) တွင် ပြည်သူများ မဲပေးရာ၌ အဆင်ပြေစေရန် မဲနံပါတ်စဉ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လသာ   ဇန်နဝါရီ    ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အပိုင်း (၂) မဲပေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ပြည်သူများ၏ မဲအမှတ်စဉ်များကို ယမန်နေ့ညနေ ၅ နာရီက ရပ်ကွက်များအလိုက် စနစ်တကျ လိုက်လံဝေငှပေးခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၀န်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မဲစာရင်းစစ်ဆေးကာ မဲအမှတ်စဉ်များကို တစ်အိမ်တက်ဆင်း အိမ်အရောက် လိုက်လံဝေငှပေးလျက်ရှိပြီး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲနေ့တွင် မဲပေးမှုအဆင်ပြေစေရန်၊ မဲပေးသူများ စနစ်တကျ မဲပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး လသာမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများကလည်း ပူးပေါင်းပါဝင်ကာ မဲအမှတ်စဉ် များလက်ခံရယူခြင်းများကို စည်းကမ်းတကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)