(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းနှင့် ရွှေပြည်သာလမ်းဖွင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းနှင့် ရွှေပြည်သာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ပြည်သာယာလမ်းမပေါ်ရှိ ဗထူးခန်းမရှေ့နှင့် ရွှေပြည်သာလမ်းထိပ်တို့၌ ကျင်းပခဲ့သည်။