ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လယ်ယာလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် တစ်ဖက်တစ်လမ်းက မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိုးစပါးစံပြကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိရပ်ကွက်၊ မန္တလေးလမ်းဘေး စက်စက်ယိုချောင်းတွင် (၂၀၂၅-၂ဝ၂၆) ဘဏ္ဍာရေးနှစ်၊ နေပြည်တော် ကောင်စီဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၂၃ ဒသမ ၃၈၄ သန်းဖြင့် ဆောင်ရွက်‌ထားသော( အလျား ၇၈‌ ပေ × အမြင့် ၈ ပေ) ကျောက်စီမြေထိန်းနံရံပြုလုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က  ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ လှပစေရေး၊  ပန်းအလှပင်များ စိုက်ပျိုးထားရှိရေးနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့‌သော လမ်းပိုင်းများ အမြန်ဆုံးပြုပြင်နိုင်ရေးတို့ကို မှာကြားသည်။

မကွေးမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆) လ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်‌ တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊သူနာပြုဆရာမကြီးများ၊ ဓါတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လ သင်တန်းသို့ တက်‌ရောက်ခဲ့သော သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ဗိဿနိုးနယ်မြေ၊ ကနီကျေးရွာတွင် ကျင်းပသည့် သဲဖြူနှင့်မဟာမြိုင်တောရသာသနာပြုဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ   ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ချီးမြှင့်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော်တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာလ ၄ ရက်ညနေပိုင်းက စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့ ဝင်္ကဘာကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ တက်ရောက်ကြသည်။

ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံ၌ မျက်စိလူနာများအား မျက်မှန်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်နေဝင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ယနေ့နံနက်(၈)နာရီက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့်အဖွဲ့ဝင်များသည် မျက်မှန်လိုအပ်သည့်လူနာများအား မျက်မှန်တပ်ဆင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှု၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုကျောင်းများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ဧရိယာ ၁၃ဒသမ၉၉ ဧက အတွင်း အဆင့်မြင့်အပန်းဖြေဥယျာဉ်နှင့် ကစားကွင်းစီမံကိန်းဆောင်ရွက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြား​ရေးမှူးနှင့် Mawlamyine Development Co.Ltdမှ မန်နေဂျင်း ဒါရိုက်တာတို့က Zone-A/ Zone-B/ အတွင်း ပန်းအလှစိုက်ပျိုးခြင်း၊ In-door Amusement Park စတင်တည်ဆောက်ခြင်း၊ ပန်းခြံအတွင်း အလှပန်းပင်များ စိုက်ပျိုးပုံဖော်ခြင်း၊ ပန်းအလှဆင် ပန်းခြင်းနှင့် ပန်းခုံးများပြုလုပ်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ အရိပ်ရပင်များစိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။

ဗီယက်နမ်နိုင်ငံ၌ သွန်းလောင်းထုလုပ်ပူဇော်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးခေါင်းတော်တပ်ဆင်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၀)ရပ်ကွက် ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်တွင် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး သာသနာပြုလုပ်ငန်းစဥ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော်အမြင့် ၁၉ ပေရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများအား တပ်ဆက်ပူဇော်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်တပ်ဆင်ရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားသည်။

မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀) ထွန်းညှိ၍ ရေမျှောပူဇော်

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာရိုးရာအစဉ်အလာနှင့်အညီ ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်ကို ဆီမီးထွန်းညှိပူဇော်ခြင်း၊ ဧရာဝတီမြစ်အတွင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀)ထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကပဒေသာဖျော်ဖြေပွဲများဖြင့်  တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါ တော်နေ့) ညနေ ၆ နာရီက မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Subscribe to