ကျောင်းကုန်း ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးညွန့်က အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု တင်ပြခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက မဲရုံအရေအတွက်နှင့် မဲဆန္ဒရှင်များအရေအတွက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင် ဗိုလ်မှူး နေဝင်းနောင်က လုံခြုံရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေကို တင်ပြခဲ့ပြီး၊ ကော်မတီအတွင်းရေးမှူး ရဲမှူး အောင်နိုင်ဦးက လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျုံပျော်ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြောကြားခဲ့သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်