တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ talk show ပြုလုပ်

တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ talk show ပြုလုပ် မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၆ မြတ်မြတ်အေး

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ တန်ဆောင်မုန်းလရာသီနှင့် ကထိန်ခင်းပွဲအ‌ကြောင်း အသိပညာပေး Talk Show ကျင်းပ

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ တန်ဆောင်မုန်းလရာသီနှင့် ကထိန်ခင်းပွဲအ‌ကြောင်း အသိပညာပေး Talk Show ကျင်းပ လှိုင် နိုဝင်ဘာ ၆ ဇော်ဇော်နိုင်(ပြန်/ဆက်)

ပခုက္ကူမြို့၌ ဗိုလ်ချုပ်လမ်းသွယ် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသွယ် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၅ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

တီးတိန်မြို့၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်လျက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ‌ခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ပြုလုပ်သည်။

သထုံမြို့နယ် ပေါ်တော်မူရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ ညနေက စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။

ကော့သောင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်‌ ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး ဆော်ဩ

တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊‌ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ သဲတန်းဈေး၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်နှင့်အဏ္ဏဝါရပ်ကွက် စည်ပင်သာယာဈေးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၆) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ယမန်နေ့နံနက် (၉) နာရီက စတင်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးပေးခြင်းကို အဆိုပါ မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ  ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်ရည်ရွယ်၍ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါင်လင်းကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင်  ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့နယ်၌  အသက် (၂) နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း စပါးရိတ်သိမ်းမှုများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သောင်ကြီးကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား စပါးရိတ်သိမ်းမှုနှင့် ဝယ်ယူမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ(၆)ရက်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်၊ သောင်းကြီးကျေးရွာ၊ သောင်ယံဦး လယ်ယာနှင့်အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်မြင့်၏လယ်တွင် စပါးရိတ်သိမ်းမှုများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့သည်။
Subscribe to