စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ (Video Conferencing) စနစ်ဖြင့် တက်ရောက်ကြသည်။

လဲချားမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ်(tennis)ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ်(tennis)ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။

မြို့သစ်မြို့နယ်၊ ကိုရံ(တ)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကိုရံ(တ)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့သည်။

တာလေမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနုပညာကို တွေးခေါ်ဖန်တီးတတ်စေရန်နှင့် စာအုပ်စာ‌ပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။

ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(လွယ်တန့်)၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်းလွန်ကျောင်း (လွယ်တန့်)၌ ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ရန်အောင်မြင်ပရိယတ္တိသာသနာလင်္ကာရစာအောင်ဆုနှင်းသဘင်အခမ်းအနား တက်ရောက် ကြည်ညို

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်ကြီး၌ ယမန်နေ့နံနက်ပိုင်းက (၁၁) ကြိမ်မြောက်၊ ရန်အောင်မြင်ပရိယတ္တိသာသနာ့လင်္ကာရ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

ကမ္ဘောဇဖလားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံး ဗိုလ်လုပွဲစဥ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် စီမံခန့်ခွဲရေးဆိုင်ရာနှင့် လူမှုထူးချွန်ဆုရရှိသူများအား တာချီလိတ်လေဆိပ်၌ ကြိုဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်မှပေးအပ်သော စီမံခန့်ခွဲရေးဆိုင်ရာနှင့် လူမှုထူးချွန်ဆုရရှိသူများကို ယမန်နေ့ ညနေပိုင်းက တာချီလိတ်လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို စျေး(၂) ရပ်ကွက်၊ အာဂမဇောတိကာရုံစာသင်တိုက်တွင် ဆင်ယင်ကျင်းပသည်။
Subscribe to