လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်(၁၁)နာရီက တာ၀န်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်လူဦးရေ (၁၁၁၉၇၁)ဦးနှင့် မဲရုံ(၉၁)ရုံရှိပြီး သတ်မှတ်ထားသောမဲရုံများ၏ အခြေအနေကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးလင်း၊ အဖွဲ့ဝင်( ၂) ဦးထွန်းလွင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြသောင်းနှင့်အဖွဲ့၀င်တို့က လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အ.ထ.က(၁၀)၊ ရွှေလင်ဘန်းကျေးရွာအုပ်စုအတွင်းရှိ အ.ထ.က(၁၄)နှင့်အ.မ.က(၄၇)ကျောင်းတို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅)ရက်နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)